![]() |
| ဒေါက်တာ ဘဒ္ဒန္တ အာစာရ BA (English), BA (Buddhism), MA (Buddhism), PhD (BDh) ပါမောက္ခ/ဌာနမှူး၊ ပိဋကတ်ဆိုင်ရာအင်္ဂလိပ်စာပေဌာန နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ မန္တလေး |
အချို့အချို့သော လူဒကာဒကာမ မြန်မာဗုဒ္ဓဘာသာဝင်များ ဘာသာတရား လိုက်စားနေကြပုံမှာ လေးလေးနက်နက် ရှိလှပြီး ၎င်းတို့၏ ဘာသာရေးအသိ ပြည့်စုံမှု၊ ဘာသာရေး ဗဟုသုတ ကြွယ်ဝမှု၊ ဘာသာတရား၏ အဆုံးအမကို လက်တွေ့ လိုက်နာကျင့်သုံးမှုတို့မှာလည်း လေးစားထိုက်လှကြောင်း၊ ၎င်းတို့သည် အရိယာ သူတော်စဉ်များနှင့် ဆင်တူကြကြောင်း၊
သို့သော်
အခြားတစ်ဘက်၌ ဘုရားရှင်၏ အဆုံးအမနှင့် ပြတ်ပြတ်သားသား ကင်းဝေးနေသူ၊ မသိမသာ
အလှမ်းကွာနေသူ၊ တရားမျက်စိ ကန်းနေသူ၊ တရားနား ထိုင်းနေသူ၊ တရားအ တရားဆွံ့
ဗုဒ္ဓဘာသာ အနွယ်ဝင်များလည်း မြောက်များစွာ ရှိနေကြောင်း၊ ၎င်းတို့အနက်
အချို့သည် သာသနာပ မိစ္ဆာဒိဋ္ဌိများနှင့် တူလှသည်ဟုပင် ထင်မိကြောင်း၊
တရားနီးသူနှင့်
တရားဝေးသူ မြန်မာဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးအသိ ဘာသာရေး အရည်အသွေး ကွာဟမှုမှာ
ကြီးမားလွန်းလှသည်ဟု ရိုးသားစွာ၊ စိတ်မအေးစွာ၊ တာဝန်မကင်းစွာ အကဲခတ်
သုံးသပ်မိကြောင်း၊
ဤကွာဟမှုကြီးကို မြန်မာ့သာသနာ၏ ဟာကွက်ကြီးတစ်ခုအဖြစ် ပြတ်ပြတ်သားသား ရှုမြင်မိကြောင်း၊
ဗုဒ္ဓဓမ္မနှင့်
အဆက်အစပ် နည်းပါးသူများအတွက်၊ ဘုရားအဆုံးအမနှင့် ကင်းကွာနေသူများအတွက်၊
အထူးသဖြင့် လူငယ်များအတွက် ဘာသာရေးလမ်းစ ဖွင့်ပေးသည့် အနေဖြင့်
စွမ်းနိုင်သူတို့က ဓမ္မသင်တန်းများ ဖွင့်လှစ်ပေးသင့်ကြကြောင်း၊
ကျောင်းသူကျောင်းသား
လူငယ်များအတွက် ကျောင်းပိတ်ရာသီများ၌ စီစဉ်ပေးသည့် ဗုဒ္ဓဘာသာဆိုင်ရာ ကာလတို
သင်တန်းများနှင့် လူကြီးများအတွက် ဖွင့်လှစ်သည့် အဘိဓမ္မာ ၀ိသုဒ္ဓိမဂ်
အစရှိသော အဆင့်မြင့် သင်တန်းများအပြင် စနေ တနင်္ဂနွေ အပတ်စဉ်
ကျောင်းပိတ်ရက်များ၌ နှစ်ပေါက် ဖွင့်လှစ်ပေးသည့် အခြေခံဓမ္မသင်တန်းများလည်း
ရှိသင့်ကြောင်း၊ သို့မှသာလျှင် မြန်မာဗုဒ္ဓဘာသာတို့၏
ပျမ်းမျှဘာသာရေးအရည်အသွေး မြင့်တက်လာမည်ဖြစ်ကြောင်း၊
ဤအမြင် ဤစိတ်ကူးဖြင့် ဆက်စပ်ပတ်သက်သူများနှင့် လက်တွဲကာ မြန်မာနိုင်ငံ တစ်နံတစ်လျားရှိ ကျေးလက်များ မြို့ပြများ၌ “ရာဟုလာ” ဓမ္မသင်တန်းကျောင်းများ များနိုင်သမျှများများ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊
“ရာဟုလာ” ဓမ္မသင်တန်းကျောင်းများ၌
ဗုဒ္ဓဓမ္မကိုသာ အဓိကထား၍ သင်ကြားပေးမည်ဖြစ်ပြီး ကျောင်းသူကျောင်းသားများ၏
ကျောင်းဖွင့်ရာသီ အပတ်စဉ် စနေ-တင်္ဂနွေ ကျောင်းပိတ်ရက်များကို
ဓမ္မသင်တန်းကျောင်း ဖွင့်ရက်များအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း၊
အဆိုပါ သင်တန်းကျောင်းများကို ဦးဆောင်ပုံဖော်မည့် ဆရာတော် ဒေါက်တာ အရှင်အာစာရ (PhD, BDh)က မိန့်ကြားတော်မူသည်။
----------
Wednesday, March 7, 2012
----------
Wednesday, March 7, 2012

No comments:
Post a Comment