“၀ိဇ္ဇုဒါယာဒ” လျှပ်စစ်စီမံချက်
“ရာဟုလာ” ဓမ္မသင်တန်းကျောင်း
စိတ္တသုခရပ်၊ စိုင်ပြင်ကြီး၊ ဒီပဲယင်း၊ စစ်ကိုင်း
-----
၁။ မီတာ (၁)လုံး = ၇၅၀ ၀၀၀ ကျပ်
၂။ မီးတိုင် (၄၅)လုံး = ၄၅ (၂၀၀၀၀) = ၉၀၀ ၀၀၀ ကျပ်
၃။ မီးကြိုး (၁၀)ဂိတ် (၄)လုံး = ၄ (၁၀၀၀၀၀) = ၄၀၀ ၀၀၀ ကျပ်
၎။ ကြွေသီး/မီးသီး/မီးခေါင်း = ၅၀၀ ၀၀၀ ကျပ်
၅။ လျှပ်စစ်ရုံ = ၅၀၀ ၀၀၀ ကျပ်
-----
အလှူရှင်များ -
၁။ ရွှေဆံနွယ် ဆရာတော် - ၃၃၈ ၆၅၀ ကျပ်
၂။ မကွေး အလှူရှင်များ - ၇၅၀ ၀၀၀ ကျပ်
၃။ ဦးပြည့်စုံ + ဒေါ်မဲ၊ စိုင်ပြင်ကြီး - ၅၀၀ ၀၀၀ ကျပ်
၎။ ကိုဇော်နိုင်+မနန်းဆိုင်လောဝ်၊ သား မောင်စိုင်းဘုန်းခန့်ဇော် - ၁၀၀၀ ၀၀၀ ကျပ်
၅။ ကိုစိုးနိုင်+မဂျူးဂျူး၊ သား မောင်ဘုန်းမြတ်စိုး - ၁၀၀ ၀၀၀ ကျပ်
၆။ ကွယ်လွန်သူ ဖခင်ကြီး ဦးမောင်မောင်ဦးအား ရည်စူး၍
မိခင်ကြီး ဒေါ်လဲ့လဲ့လှိုင်၊ သား မောင်ထူးတင့်နိုင်၊ သမီး မရွှန်းလဲ့ဦး၊ မမေသင်္ကြန်ဦး မိသားစု - ၁၀၀ ၀၀၀ ကျပ်
၈။ (ဆက်ရန် . . . . . - ၃၆၁၃၅၀ ကျပ်)
-----
Comment:
ပင်ပရည်ရွယ်ချက် သုံးမျိုး
- ကျောင်းသူကျောင်းသားများ ဗုဒ္ဓဘာသာအခြေခံနှင့် အင်္ဂလိပ်စာအခြေခံ ရရှိစေရန်
- လူငယ်များ အခြေခံပညာ သင်ယူခွင့် ပိုမိုရရှိစေရန်
- ပရိယတ္တိသာသနာတော်ကို မြှင့်တင်ရန်
ရည်ရွယ်ချက်(၁)ကို စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။ တန်းခွဲ ခုနစ်ခု ခွဲ၍ သီတင်းပတ်စဉ် အစိုးရကျောင်းပိတ်ရက်များ၌ ဓမ္မသင်တန်းများ ဖွင့်လှစ်ပါသည်။ “ဗုဒ္ဓဘာသာ မြန်မာစာ” နှင့် “ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ” ဘာသာပ်ရပ်နှစ်မျိုး သင်ကြားပေးပါသည်။ ထို့ပြင် သီတင်းတစ်ပတ်လျှင် သုံးရက် ညကျောင်းဖွင့်လှစ်၍ တရုတ်စကားပြောနှင့် အင်္ဂလိပ်စကားပြော သင်တန်းများ ပို့ချပေးနေပါသည်။
ရည်ရွယ်ချက် (၂)အတွက် အစိုးရ အခြေခံပညာသင်ကျောင်း မဖွင့်လှစ်ရသေးသော ကျေးရွာများ၌ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်အောင် ပံ့ပိုးပေးပါမည်။ မူလတန်းကျောင်းသာရှိ၍ လယ်တန်းကျောင်း အထက်တန်းကျောင်းများနှင့် အလှမ်းဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများအတွက် အထက်တန်းကျောင်း ရှိရာဒေသများ၌ အခမဲ့ (သို့မဟုတ်) စရိတ်သက်သာသော (အလယ်တန်းနှင့် အထက်တန်း) ဘော်ဒါဆောင်များ ဖွင့်လှစ်ပါမည်။
ရည်ရွယ်ချက် (၃)အတွက် ရှင်သာမဏေများကို ပစ္စည်းလေးပါး ထောက်ပံ့၍ ပရိယတ္တိစာပေများ သင်ကြားပေးပါမည်။ အထူးသဖြင့် သာမဏေကျော် စာမေးပွဲများ ၀င်ရောက်ဖြေဆိုမည့် ရှင်သာမဏေများကို သီးသန့် ပြုစုပျိုးထောင်ပေးပါမည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြား၌ ဓမ္မသင်တန်းကျောင်းများ များနိုင်သမျှများများ ဖွင့်လှစ်သွားပါမည်။ အရပ်ဒေသ၏ လိုအပ်ချက်နှင့် ဖြစ်နိုင်ချေအပေါ် မူတည်၍ ရည်ရွယ်ချက် တစ်မျိုးဖြစ်စေ၊ နှစ်မျိုးဖြစ်စေ၊ သုံးမျိုးလုံးဖြစ်စေ အကောင်အထည်ပေါ်အောင် ဆောင်ရွက်သွားပါမည်။

No comments:
Post a Comment