နိုင်ငံတော်သံဃမဟာနာယက အဖွဲ့၏
ညွှန်ကြားလွှာအမှတ် (၄၅)နှင့်အညီ ၁၉၈၄ခုနှစ် မေလမှ စ၍ မြန်မာနိုင်ငံ
အနှံ့အပြား၌ ဗုဒ္ဓဘာသာယာဉ်ကျေးမှုစာမေးပွဲ များ
ကျင်းပခဲ့သည်။ ထိုစာမေးပွဲ၌ အဆင့်သုံးဆင့် ပါဝင်သည်။ အဆင့်အလိုက်
သတ်မှတ်ပြဌာန်းသော အကြောင်းအရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁။ ပထမဆင့် - ယဉ်ကျေးမှုကျင့်ဝတ်ဘာသာ ဗုဒ္ဓ၀င်အကျဉ်း၊ ပါရမီ (၁၀)ပါး၊ ခုနစ်နေ့ဘုရားရှိခိုး၊ သြကာသကန်တော့ချိုးနှင့် သရဏဂုံသီလခံယူဆောက်တည်ပုံ၊ ရတနာသုံးပါး ဂုဏ်တော်များ၊ ဆွမ်းတော်ကပ်စသည်၊ မေတ္တာပို့၊ အမျှဝေ၊ ပုညကြိယာဝတ္ထု (၁၀)ပါး၊ မင်္ဂလသုတ်။
၂။ ဒုတိယဆင့် - ဗုဒ္ဓဘာသာမြန်မာစာ သုစိပုဘာ ဆုံးမစာ၊ လောကသာရပျို့ (ဆုံးမစာ)၊ လောကသာရပျို့ (အမျိုးလေးပါး ဆုံးမခန်း)၊ သိင်္ဂါလောဝါဒ ဆုံးမစာ၊ ဂိဟိဝိနယဆုံးမစာ၊ လောကနီတိ၊ မဟောသဓာ တရားစီရင်ခန်း၊ မဟောသဓာ ပြဿနာဖြေခန်း။ တတိယဆင့် - အဘိဓမ္မာဘာသာ ပရမတ္ထတရားလေးပါး၊ စိတ်အကျဉ်း (၈၉)ပါး၊ စိတ်အကျယ် (၁၂၁)ပါး၊ စေတသိက် (၅၂)ပါး၊ ရုပ် (၂၈)ပါး၊ နိဗ္ဗာန်၏ သဘောအဓိပ္ပာယ်၊ ခန္ဓာ၊ အာယတန၊ ဓာတ်၊ သစ္စာ၊ ကံတရား၊ (၃၁)ဘုံ၊ သတ္တလောက၊ သင်္ခါရလောက၊ ပုထုဇဉ် (၄)မျိုး၊ အရိယာ (၈)မျိုး။
-----

အဆိုပါ စာမေးပွဲကို ရင်းရဘ-ကပညာရေးကျောင်း (မူလွန်)/ "ရာဟုလာ"ဓမ္မသင်တန်းကျောင်း (ရင်းရဲ)မှ ကျောင်းသူကျောင်းသားများ ၀င်ရောက်ဖြေဆိုခဲ့ရာ အောက်ပါအတိုင်း အောင်မြင်ကြသည်။
ပထမဆင့် ထူးချွန် (၂)ယောက်၊ ရိုးရိုးအောင် (၂၁)ယောက်၊
ဒုတိယဆင့် ထူးချွန် (၂)ယောက်၊ ရိုးရိုးအောင် (၁၇)ယောက်၊
တတိယဆင့်
ထူးချွန် (၂)ယောက်၊ ရိုးရိုးအောင် (၂၅)ယောက်။
-----
ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြသူများ
No comments:
Post a Comment