ရေစက်ချ အနုမောဒနာတရား
ချီးမြှင့်ပေးတော်မူပါရန်
မန္တလေးမြို့ နိုင်ငံတော်
ပရိယတ္တိသာသနာ့တက္ကသိုလ် ပိဋကတ်ဆိုင်ရာ အင်္ဂလိပ်စာပေဌာန ပါမောက္ခ/ဌာမှူးဆရားတော်၊
“ရာဟုလာ” ဓမ္မသင်တန်းကျောင်း
တည်ထောင်သူ နာယကဆရာတော်
ဒေါက်တာ အရှင်အာစာရ
(PhD, BDh)အား ရိုသေလေးမြတ်စွာ ပန်ကြား လျှောက်ထားအပ်ပါသည် ဘုရား . . .။”
-----
Comment:
ဆရာတော်။ ။ “၀မ်းသာစရာဆိုတဲ့ အနုမောဒနာတရား အထူး ဟောနေစရာတော့
မလိုပါဘူး။ ပျော်တတ်လို့ ပျော်နိုင်ရင် တစ်လောကလုံး ပျော်စရာတွေ ပြည့်နေပါတယ်။
မပျော်တတ်ရင် မပျော်နိုင်ရင်တော့ ဘာတရားဟောဟော ပျော်စရာ ဖြစ်လာမှာ မဟုတ်ပါဘူး။
ဒီတော့ ဒီနေ့ပြုတဲ့
ကုသိုလ်ကိုပဲ ရေစက်ချပြီး အမျှဝေကြစို့။ ကိုယ်စားပြု အလှူရှင်က ရေစက်ချ။ အားလုံး
လိုက်ဆိုကြ။
အရှင်ဘုရား . . .
စင်္ကာပူနိုင်ငံ PSA Myanmar Family မိသားစုဝင်များ ဖြစ်ကြပါသော ဘုရားတပည့်တော် တပည့်တော်မတို့သည် ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်ကြသော၊ အမျိုးဘာသာသာသနာအကျိုး သည်ပိုးလိုသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါ၍
စင်္ကာပူနိုင်ငံ PSA Myanmar Family မိသားစုဝင်များ ဖြစ်ကြပါသော ဘုရားတပည့်တော် တပည့်တော်မတို့သည် ရတနာသုံးပါးနှင့် ကံ ကံ၏အကျိုးကို ယုံကြည်ကြသော၊ အမျိုးဘာသာသာသနာအကျိုး သည်ပိုးလိုသော အမျိုးကောင်းသား အမျိုးကောင်းသမီးများ ဖြစ်ကြပါ၍
ယခုအချိန်အခါ၌ ငါးပါးသီလ ခံယူကျင့်သုံး ဆောက်တည်ပြီး၍
စစ်ကိုင်းတိုင်းဒေသကြီး၊
ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီး စံပြကျေးရွာ၌
တည်ထောင်ဖွင့်လှစ်လျက်ရှိသော၊
- ကလေးငယ်များ ဗုဒ္ဓဘာသာ
အခြေခံနှင့် အင်္ဂလိပ်စာ အခြေခံ ရရှိစေရန်
- လူငယ်များ အခြေခံပညာ
သင်ယူခွင့် ပိုမို ရရှိစေရန်
- ပရိယတ္တိ သာသနာတော်ကို
မြှင့်တင်ရန်
ရည်ရွယ်သော “ရာဟုလာ” ဓမ္မသင်တန်းကျောင်း
တည်ဆောက်ရေး လုပ်ငန်းများအတွက် န၀ကမ္မ၀တ္ထုငွေ ဆယ့်သုံးသိန်းကျပ် ထည့်ဝင်လှူဒါန်း
ပံ့ပိုးကြပါ၏။
တပည့်တော်တို့ ပြုလုပ်
ဆည်းပူးအပ်သော ဤကောင်းမှု ကုသိုလ်သည်
ကလေးငယ်များ ဗုဒ္ဓဘာသာ
အခြေခံနှင့် အင်္ဂလိပ်စာ အခြေခံ ရရှိစေရန်
လူငယ်များ အခြေခံပညာ
သင်ယူခွင့် ပိုမို ရရှိစေရန်
ပရိယတ္တိ သာသနာတော်ကို မြှင့်တင်ရန်
ကောင်းမြတ်သော
အထောက်အပံ့ ဖြစ်ပါစေဘုရား။
နိဗ္ဗာန်ရောက်ကြောင်း ကောင်းမြတ်သော
အထောက်အပံ့လည်း ဖြစ်ပါစေဘုရား။
ယခု ပြုအပ်သော
ကုသိုလ်ကောင်းမှု၏ အဖို့ဘာဂကို မိဘဘိုးဘွား ဆရာသမား ဆွေမျိုးသားချင်း
အပေါင်းအသင်းတို့ကို အစထား၍
သုံးဆယ့်တစ်ဘုံ ကြဉ်လည်ကုန်သော
သတ္တ၀ါ အပေါင်းတို့အား
အမျှပေးဝေပါ၏။
တပည့်တော်တို့၏
အများပေါင်းစု မြတ်ကောင်းမှုကို သိနိုင်မြင်နိုင် ကြားနိုင်ကုန်သော မြင်အပ်မမြင်အပ်
နှစ်ရပ်များစွာ သတ္တ၀ါတို့သည် တပည့်တော်တို့၏ ကုသိုလ်ကောင်းမှုကို ၀မ်းမြောက်နုမော်
သာဓုခေါ်၍၊ တပည့်တော်တို့နှင့် ထပ်တူထပ်မျှ ကုသိုလ်ရ၍ ကိုယ်ရောစိတ်ပါ ကျန်းမာ
ချမ်းသာကြသည် ဖြစ်ကြပါစေကုန်သောဝ် . . .။”
သံပြိုင်။ ။
(အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။)
(သာဓု၊ သာဓု၊ သာဓု . . .။)
(အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။)
(သာဓု၊ သာဓု၊ သာဓု . . .။)
(အားလုံး ကြားကြားသမျှ
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့။)
(သာဓု၊ သာဓု၊ သာဓု . . .
. .။)
No comments:
Post a Comment