Saturday, December 8, 2012

စာနာသီလ


၁။ အသက်ရှိသူ မှန်သမျှ၊ အသက်သေမှာ လွန်ကြောက်ကြ။
သူသူငါငါ မှန်သမျှ၊ အသက်တန်ဖိုး မြတ်နိုးကြ။
ကိုယ်ချင်းစာနာ ရှောင်ကြည်ပါ၊ သတ်တာညှင်းတာ မလုပ်ရ။

၂။ ကိုယ်ပိုင်ပစ္စည်း မှန်သမျှ၊ သူခိုးခိုးမှာ လွန်ကြောက်ကြ။
သူသူငါငါ မှန်သမျှ၊ ဥစ္စာတန်ဖိုး မြတ်နိုးကြ။
ကိုယ်ချင်းစာနာ ရှောင်ကြည်ပါ၊ မပေးတာကို မယူရ။

၃။ မိသားစုတွေ မှန်သမျှ၊ ချမ်းသာပျော်ရွှင် နေချင်ကြ။
သူသူငါငါ မှန်သမျှ၊ မိသားစုကို မြတ်နိုးကြ။
ကိုယ်ချင်းစာနာ ရှောင်ကြည်ပါ၊ အိမ်ယာမှောက်မှာ မကျူးရ။

၎။ အသိဥာဏ်ရှိသူ မှန်သမျှ၊ လိမ်တာညာတာ မကြိုက်ကြ။
သူသူငါငါ မှန်သမျှ၊ သစ္စာတန်ဖိုး မြတ်နိုးကြ။
ကိုယ်ချင်းစာနာ ရှောင်ကြည်ပါ၊ လိမ်ညာမုသား မပြောရ။

၅။ မူးယစ်သေစာ မှန်သမျှ၊ ကုသိုလ်ရေးတွေ မေ့လျော့ရ။
သူသူငါငါ မှန်သမျှ၊ ကုသိုလ်ရဖို့ လိုအပ်လှ။
ဥာဏ်သက်ဝင်ကာ ဆင်ခြင်ပါ၊ ဆေးလိပ်ကိုပင် မသောက်ရ။

ဦးလေးမြင့် [အထက်တန်းပြ (ငြိမ်း)]
ဓမ္မဆရာ၊ "ရာဟုလာ" ဓမ္မသင်တန်းကျောင်း
စိုင်ပြင်ကြီး၊ ဒီပဲယင်း၊ စစ်ကိုင်း

No comments:

Post a Comment