Saturday, January 26, 2013

ရာဟုလာ ရေအလှူ


၁။ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ အခြေခံနှင့် ဗုဒ္ဓဘာသာ အခြေခံ ရရှိစေရန်၊
၂။ လူငယ်များ အခြေခံပညာ သင်ယူခွင့် ပိုမို ရရှိစေရန်နှင့်
၃။ ပရိယတ္တိသာသနာတော်ကို မြှင့်တင်ရန် ရည်ရွယ်၍

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ကြီးကျေးရွာ၊ စိတ္တသုခ ရပ်ကွက်၌ ဆရာတော် ဒေါက်တာ အရှင်အာစာရ ဦးစီး တည်ထောင်ဖွင့်လှစ်နေသည့် “ရာဟုလာ” ဓမ္မသင်တန်းကျောင်း အတွင်း၌ “ဇလဒါယာဒ” ရေစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပေ (၉၀၀) အနက်မှ မြေအောက်ရေ အလိုအလျောက် လျှံထွက်သည်အထိ ၂၀၁၂ ဒီဇင်ဘာ ၂၉ရက်နေ့က အောင်မြင်စွာ တူးဖော်နိုင်ခဲ့ကြောင်း၊

ယခုအခါ ကျောင်းဝင်းအတွင်း၌ ရေလှောင်ကန် တည်ဆောက်ခြင်း၊ ရေပိုက်လိုင်း သွယ်တန်းခြင်းများ ဆက်လက်ဆောင်ရွက်နေကြောင်း၊

ရေထွက်အား အလွန်ကောင်းမွန်ပြီး တစ်နာရီလျှင် ဂါလံ (၁၀၀၀) ကျော် ပန်းထွက်လျက်ရှိရာ ကျောင်းသုံးရေ ပိုလျှံနေသောကြောင့် ကျောင်းနှင့်နီးသည့် မိသားစု (၃၀)ကျော်သို့ ပို့လွှတ်၍ ရေလှူဒါန်းရန် စီစဉ်နေကြောင်း သိရှိရရှိသည်။

No comments:

Post a Comment