အတိတ်တံခါးတို့ကို ခပ်ဟဟသာ ထားလေ့ရှိသဖြင့် ဆန္ဒရှိတိုင်း လွယ်လွယ်ဆွဲဖွင့် ကြည့်နိုင်သည်။ အတိတ်တံခါးတို့ မပိတ်၏သို့ ပိတ်၏သို့။ ပစ္စုပ္ပန်မျှဖြင့်သာ မမျှတနိုင်သည်ဖြစ်၍ ရှေ့နောက်ချိန်ထိုးကာ သုံးသပ်နေမိလေ့ ရှိသည်။
ကံပစ်ချရာ ရှင်သန်ရသော ကျေးလက် သူငယ်တိုင်း မြေမှုန့်လူး ကစားရင်း ကြီးပျင်းလာသော်လည်း ရွှံ့ထဲမှာပဲ ဘ၀ဆုံးဖို့ စီရင်ချက် ချခံထားရသူတို့လော။ ပမာ ပြရသော် . . . ၂၁ရာစု ခေတ်ဦးထိတိုင် ရွာမှ ၁၁၉မိုင်သာ ကွာဝေးသည့် မဟာမြတ်မုနိ ကိုယ်တော်မြတ်ကြီးကို ဓာတ်ပုံမှတစ်ဆင့် အာရုံယူပြီး၍သာ ဖူးမျှော်နေကြရသည်အထိ ဘက်စုံနုံချာသူ ရွာသူရွာသားများ၏ ဘ၀များစွာကို လက်နှစ်ဘက်ဖြင့် ပွေ့ချီပင့်မြှောက်သကဲ့သို့ မ မတင်နိုင်သော်ငြားလည်း အနုံအချာတို့၏ ရင်နှစ်သည်းချာများ၊ ထိုထိုထို ထိုထိုထို အနီးအပါး ရွာများမှ ကျေးလက်ဖွားတို့၏ ကြီးထွားခွင့်ကိုကား မျှော်တလေ့ ရှိသည်။
ကယ်တင်ရှင် မဟုတ်သော်ငြား ၎င်းတို့အား သာသနာရေးအသိ သွန်သင်ရင်း လောကီလွတ်လမ်း ညွှန်ပြရသော် ကောင်းလေစွဟု အတများစွာ အတန်တန် တမိလေ့ ရှိသည်။
အဖန်ငါးရာမက အဆများစွာ ထပ်ပြန်တမိသော် အတအတွေးတို့ သိပ်သည်းဆ များသည်ထက် များလာပြီး . . . . .။
-----
Comment:
ရည်ရွယ်ချက်(၁)ကို စတင်အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ တန်းခွဲ ခုနစ်ခု ခွဲ၍ သီတင်းပတ်စဉ် အစိုးရကျောင်းပိတ်ရက်များ၌ ဓမ္မသင်တန်းများ ဖွင့်လှစ်နေသည်သည်။ “ဗုဒ္ဓဘာသာ မြန်မာစာ” နှင့် “ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ” ဘာသာပ်ရပ်နှစ်မျိုး သင်ကြားပေးသည်။ ထို့ပြင် သီတင်းတစ်ပတ်လျှင် သုံးရက် ညကျောင်းဖွင့်လှစ်၍ တရုတ်စကားပြောနှင့် အင်္ဂလိပ်စကားပြော သင်တန်းများ ပို့ချပေးနေသည်။
ရည်ရွယ်ချက် (၂)အတွက် အစိုးရ အခြေခံပညာသင်ကျောင်း မဖွင့်လှစ်ရသေးသော ကျေးရွာများ၌ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်အောင် ပံ့ပိုးပေးမည်။ မူလတန်းကျောင်းသာရှိ၍ အလယ်တန်းကျောင်း အထက်တန်းကျောင်းများနှင့် အလှမ်းဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများအတွက် အထက်တန်းကျောင်း ရှိရာဒေသများ၌ အခမဲ့ (သို့မဟုတ်) စရိတ်သက်သာသော (အလယ်တန်းနှင့် အထက်တန်း) ဘော်ဒါဆောင်များ ဖွင့်လှစ်မည်။
ရည်ရွယ်ချက် (၃)အတွက် ရှင်သာမဏေများကို ပစ္စည်းလေးပါး ထောက်ပံ့၍ ပရိယတ္တိစာပေများ သင်ကြားပေးမည်။ အထူးသဖြင့် သာမဏေကျော် စာမေးပွဲများ ၀င်ရောက်ဖြေဆိုမည့် ရှင်သာမဏေများကို သီးသန့် ပြုစုပျိုးထောင်ပေးမည်။

No comments:
Post a Comment