လောကအလင်း၊
လမ်းပြရင်းနှင့်၊
ဝင်းဝင်းလှလှ၊
မြတ်ဓမ္မ၊
တောက်ပစေတာ ရာဟုလာ။
["ရာဟုလာ" ဓမ္မသင်တန်းကျောင်း
စိုင်ပြင်ကြီး၊ ဒီပဲယင်း၊ စစ်ကိုင်း
http://
-----
Comment:
ရည်ရွယ်ချက်(၁)ကို စတင်အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ တန်းခွဲ ခုနစ်ခု ခွဲ၍ သီတင်းပတ်စဉ် အစိုးရကျောင်းပိတ်ရက်များ၌ ဓမ္မသင်တန်းများ ဖွင့်လှစ်နေသည်သည်။ “ဗုဒ္ဓဘာသာ မြန်မာစာ” နှင့် “ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ” ဘာသာပ်ရပ်နှစ်မျိုး သင်ကြားပေးသည်။ ထို့ပြင် သီတင်းတစ်ပတ်လျှင် သုံးရက် ညကျောင်းဖွင့်လှစ်၍ တရုတ်စကားပြောနှင့် အင်္ဂလိပ်စကားပြော သင်တန်းများ ပို့ချပေးနေသည်။ ကျောင်းပိတ်ရာသီ၌ နွေသင်တန်းများ ဖွင့်လှစ်နေသည်။
ရည်ရွယ်ချက် (၂)အတွက် အစိုးရ အခြေခံပညာသင်ကျောင်း မဖွင့်လှစ်ရသေးသော ကျေးရွာများ၌ မူလတန်းအဆင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ဖွင့်လှစ်နိုင်အောင် ပံ့ပိုးပေးမည်။ မူလတန်းကျောင်းသာရှိ၍ အလယ်တန်းကျောင်း အထက်တန်းကျောင်းများနှင့် အလှမ်းဝေးသော ကျေးရွာများမှ ကျောင်းသူကျောင်းသားများအတွ
ရည်ရွယ်ချက် (၃)အတွက် ရှင်သာမဏေများကို ပစ္စည်းလေးပါး ထောက်ပံ့၍ ပရိယတ္တိစာပေများ သင်ကြားပေးမည်။ အထူးသဖြင့် သာမဏေကျော် စာမေးပွဲများ ၀င်ရောက်ဖြေဆိုမည့် ရှင်သာမဏေများကို သီးသန့် ပြုစုပျိုးထောင်ပေးမည်။
No comments:
Post a Comment