“ကျွန်တော်တို့ကျောင်းကို
ကြီးကြပ်ပုံဖော်ပေးနေတဲ့ ဆရာတော် ဒေါက်တာ အရှင်အာစာရနဲ့ ကျောင်းမှာ အမြဲသီတင်းသုံးကြတဲ့
ဆရာတော်နှစ်ပါးကို ကျွန်တော့်အကြံကို လျှောက်ထားပါတယ်။ ကျွန်တော်တို့ အသင်းက လူကြီးတွေကိုလည်း
တင်ပြပါတယ်။ တကယ်တော့ ဒီပညာရေး ပဒေသာပင်က မတည်အလှူရှင် ဦးဖိုးထောင်ရဲ့ စိတ်ကူးပါ။
သူက တစ်ခြားနေရာတွေမှာလည်း ပညာရေး ပဒေသာပင်တွေ စိုက်ပေးနေတာဆိုတော့ စိတ်ကူးရှိတာပေါ့။
ဒီပဒေသာပင်ကို ကျွန်တော်ပဲ
တာဝန်ယူဖို့ တာဝန်ပေးထားကြပါတယ်။ ကျောင်းရဲ့သင်တန်း ကုန်ကျစရိတ်တွေ၊ စာအုပ်စာတမ်းဖိုးတွေအတွက်
အဓိက အသုံးပြုမှာပါ။ ကျွန်တော်တို့အသင်း ရည်ရွယ်ချက်အတိုင်း ဒီပဒေသာပင်ကနေ ပညာသင်ဆုတွေ
ပေးနိုင်အောင်၊ ပညာဒါန ကျူရှင်တွေ ဖွင့်နိုင်အောင်၊ ပရဟိတ ပညာရေး အနေနဲ့ အဆောင်နေ ကျောင်းသူကျောင်းသားတွေ
ထားနိုင်အောင်လည်း ဆက်လက်ကြိုးစားသွားမှာပါ။ အထူးသဖြင့် ဓမ္မသင်တန်းတွေထက် လောကီအတန်းစာ
ပညာရေးအတွက် အသုံးပြုမှာပါ။
လောလောဆယ် ရှိတားတဲ့ အလှူငွေ
လေးသိန်းကို ကျွန်တော်တို့ အသင်းဝင်တွေထဲက လုပ်ငန်းလည်ပတ်မှုရှိတဲ့ သုံးနိုင်တဲ့သူတွေကို
သုံးခွင့်ပေးထားပါတယ်။ အတိုးသဘောမျိုးနဲ့ တစ်ရာမှာ သုံးကျပ်နှုန်း ပဒေသာပင်မှာ လစဉ်
ပြန်လှူဖို့ သဘောတူထားကြပါတယ်။ ပဒေသာပင် ကြီးလာရင်တော့ အသင်းဝင်တွေလည်း သုံးနိုင်မှာ
မဟုတ်တော့ပါဘူး။ လုံခြုံစိတ်ချရအောင် ဘဏ်မှာပဲ ထားရပါမယ်။ အလှူရှင်တွေ အတွက်လည်း ရာသက်ပန်
ပညာရေးပဒေသာပင် ဖြစ်သွားမှာပါ။”
ဦးဇော်နိုင် (စိုင်ပြင်ကြီး)
လူငယ်ပညာရေးပဒေသာပင် တာဝန်ခံ
-----
Comment:
Comment:
အလှူရှင်များ -
၁။ ဦးဖိုးထောင် + ဒေါ်မိုးမိုးလှိုင် မိသားစု၊ အရာတော်
- သုံးသိန်းကျပ် (၁-၁-၂၀၁၃)
၂။ (ဦးထွန်း) + ဒေါ်ပို၊ သမီး မအေးနု၊ ထွန်းစတားရွှေဆိုင်၊
ဈ-ဈေး၊ မ-ဥက္ကလာ၊ ရန်ကုန် - တစ်သိန်းကျပ် (၁၂-၂-၂၀၁၃)
၃။ (ဆက်ရန် . . . . .)
No comments:
Post a Comment