Monday, July 1, 2013

ရာဟုလာမှ အိတ်ဖွင့်ပေးစာ - ၁


ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေကြရတာ၊ ကိုယ်အားနဲ့ကိုယ် ရုန်းနေကြရတာ ဆိုတော့ မတွေ့ဖြစ်ကြတာတောင် တော်တော် ကြာနေပါပေါ့လား။ ရှုပ်နေပြီ၊ ရုန်းနေပြီ ဆိုမှတော့ ဘယ်လွယ်ကြပါ့မလဲ။ အားထုတ်မှုမှန်သမျှ အသီးအပွင့် ရလာမှာ သေချာပေမယ့် အားထုတ်ရုန်းကန်ရင်း အခက်ကြုံရတာတွေလည်း ရှိတာပေါ့။ သိပ်မထူးတဲ့ ဒါတွေ ထားပါတော့လေ။ ခု ပြောချင်တာက တစ်ခါတုန်းက အလှူခံထားတဲ့ ဆွမ်းပဒေသာပင် ကိစ္စပါ။

ဆွမ်းအတွက် ရည်ရွယ်ခဲ့တာကို သူတို့ ကျောင်းမုန့်ဖို့ စီစဉ်လိုက်တယ်။ မုန့်လည်း ဆွမ်းတော့ ဆွမ်းပါပဲ။ အဲ့ဒါက ငွေရေးကြေးရေးကိစ္စ ဖြစ်နေတော့ ဒကာတွေ့လက်ထဲ ထည့်လိုက်တာပဲ။ ဆွမ်းပဒေသာပင် ခုနစ်သိန်းထဲက တစ်သိန်းကိုတော့ ချက်လိုက်ပြုတ်လိုက်ပြီတဲ့။ လိုအပ်တဲ့အခါ ဆွမ်းဟင်းချက်တာတဲ့။ ကျန်တဲ့ခြောက်သိန်းကိုတော့ (လုံးပါးပါးသွားမှာစိုးလို့) ကျောင်းကော်မီတီ အဖွဲ့ဝင်တစ်ယောက်ရဲ့ လုပ်ငန်းထဲ ထည့်ထားပြီး တစ်လတစ်လ တစ်ရာမှာ သုံးကျပ်နှုန်း ပြန်ယူတယ်တဲ့။ ခြောက်သိန်းကို လိုချင်တဲ့အချိန် ပြန်ယူလို့ ရတယ်တဲ့။ အဲ့ဒီ သုံးကျပ်သုံးကျပ်ကို စုပြီး တန်းကျောင်းတက်တဲ့ ကိုရင်တွေကို ကျောင်းကြီးဖွင့်ရက်မှာ တစ်ပါးတစ်ရာ မုန့်ဖိုးပေးတယ်တဲ့။ တစ်ပတ်ငါးရက်ပေါ့။ ခုခေတ် ငွေတစ်ရာဆိုတာ ရတဲ့ ကိုရင်တွေအတွက် မများပေမယ့် ပေးရတဲ့သူတွေကျတော့ မလွယ်လှဘူး၊ ဒါတောင် တစ်ပါးတစ်ရာစီ မငလို့ ဟိုကဒီက လိုက်စုရသေးတယ်တဲ့။ လိုတာတော့ ရှာကြတော့လို့ပဲ ပြောလိုက်တော့တယ်။

ကိုရင်ဝတ်နဲ့ အတန်းကျောင်း တက်ခွင့်ရတဲ့အတွက် လူငယ်တွေရဲ့ အခြေခံပညာ သင်ယူခွင့်ကို ကြည့်ရင် အခြေအနေ ကောင်းတယ် ပြောရမှာပေါ့။ ဒါပေမယ့် ကိုရင်ဝတ် ဖြစ်နေတော့ သင့်မသင့် စဉ်းစားစရာတော့ ရှိတယ်။ ကိုရင်တွေအတွက် အတန်းစာ ဆိုတာက ပရိယတ်လည်း မဟုတ်၊ ပဋိပတ်လည်း မဟုတ်ဘူးလေ။ ဒါပေမယ့် “. . . . . ဒီလို လုပ်နေကြတာပဲလေ”လို့ ကိုယ့်ဟာကိုယ် စိတ်ဖြေရတာပေါ့။ မူရင်း ရည်ရွယ်ချက်ကတော့ ကိုရင်တွေကို စာပေပရိယတ်ပဲ လုပ်ခိုင်းပြီး၊ လူဝတ်ကြောင် ကျောင်းသားတွေအတွက် အခမဲ့ဘော်ဒါ စီစဉ်ပေးဖို့ပါ။ ဒုတိယ အစီအစဉ်ကို မလုပ်နိုင်သေးတော့ ပထမလိုလို ဒုတိယလိုလို လုပ်နေရတာပေါ့။

ဘာပဲဖြစ်ဖြစ် သူတို့ ပညာသင်ခွင့် ရနေတာကို ကျေနပ်ပါတယ်။ တစ်ချို့ကျောင်းသားတွေ အသက်နဲ့ အတန်းနဲ့ မမျှတာ တွေ့ရတယ်။ လူက ကြီးနေတာ။ ကျောင်းနားထားပြီး ခုမှ ကျောင်းပြန်တက်ကြတာကိုး။ ကျောင်းနားရတော့မယ့် အခြေအနေမှာ ကျောင်းဆက်တက်ခွင့် ရသွားတာတွေလည်း တော်တော်ပါတယ်။ သူတို့အတွက်တော့ အချိန်မီ ဖြစ်သွားတာပေါ့။

ကိုရင်ဝတ်နဲ့ တန်းကျောင်းတက်တယ် ဆိုပေမယ့် ရှင်ဆိုတော့ ရှင်နဲ့တူအောင် ရှင်စာတွေလည်း ကျက်ခိုင်းရတာပေါ့။ ဓမ္မသင်တန်းကျောင်းက ဓမ္မသင်ခန်းစာတွေ ကျက်ခိုင်းတယ်။ ဗုဒ္ဓဘာသာ မြန်မာစာနဲ့ ဗုဒ္ဓဘာသာ အင်္ဂလိပ်စာ။ သူတို့ ကျောင်းပိတ်ရက်မှာ ပစ္စဝေက္ခဏာ၊ လိင်၊ ဒဏ်၊ သေခိယ၊ ခန္ဓက၀တ်စတဲ့ ရှင်ကျင့်ဝတ်စာတွေ။ နောက်ပြီး ပရိတ်။ ပရိတ်ကတော့ သုံးသုတ်ပဲ ရကြသေးတယ်။ အဲ့ဒါတောင် “အာဂမဒါယာဒ” အာဂုံပြန်စာမေးပွဲတုန်းက လက်ကျန်။ အဲဒါကို ညည ဘုရားရှိခိုးရင်း ထည့်ရွတ်ခိုင်းတယ်။ မမေ့အောင်လို့။ ပဋ္ဌာန်းကတော့ ပစ္စယနိဒ္ဒေသ ကြည့်ရွတ်တတ်အောင်ပဲ သင်ပေးတော့မယ်။ ဒီလောက်ဆို တော်ပါပြီ။ ရဟန်းတော်တွေအောင် ဒီလောက်လုပ်ဖြစ်ဖို့ လွယ်တာမှတ်လို့။ သူတို့မှာ အတန်းစာလည်း ကျက်ရအုံးမယ်။ ကျူရှင်လည်း တက်ချင်ကြသေးတယ်။ ကျူရှင်တော့ မတက်စေချင်ပေမယ့် အခြေအနေအရ တက်ခွင့်ပေးထားရတယ်။

၁။ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ အခြေခံနှင့် ဗုဒ္ဓဘာသာ အခြေခံ ရရှိစေရန်၊
၂။ လူငယ်များ အခြေခံပညာ သင်ယူခွင့် ပိုမို ရရှိစေရန်နှင့်
၃။ ပရိယတ္တိသာသနာတော်ကို မြှင့်တင်ရန် ဆိုတဲ့ “ရာဟုလာ” ဓမ္မသင်တန်းကျောင်းရဲ့ ရည်ရွယ်ချက်တွေ အားလုံးပြည့်ဖို့၊ ရေရှည်ဆက်ပြီး ပြည့်ဝအောင် ဆက်ဖြည့်နိုင်ဖို့ တော်တော်လုပ်ရအုံးမယ်။

စာလည်း တော်တော် ရှည်သွားပြီ။ တော်သေးပြီ။

အစစ အရာရာ အဆင်ပြေပါစေ။

(ဆက်ရန် . . . . .)

မေတ္တာဖြင့်
ဒေါက်တာ အရှင်အာစာရ

စာကြွင်း။   ။ သက်ဆိုင်သူ အားလုံးကို ရည်ညွှန်းပါသည်။

Comment:
၁။ မောင်ကျော်ဖုန်းနိုင် - ၁၆နှစ်၊ ၁၀တန်း။ မိခင် - ဒေါ်သန်းနွဲ့၊ . . . . . . . . . .၊ ရင်းရဲရွာ
၂။ မောင်သန့်ဇင်ဝင်း - ၁၅နှစ်၊ ၉တန်း။ ဖခင် - ဦးဝင်းမြညွန့်၊ ၅/ဒပယ (နိုင်) ၀၇၆၆၇၆၊ ကံပြားရွာ
၃။ မောင်ဇော်ဝင်းတင့် - ၁၅နှစ်၊ ၈တန်း။ ဖခင် - ဦးမြတ်ကောင်း၊ ၅/ဒပယ (နိုင်) ၀၈၈၂၆၀၊ ရင်းရဲရွာ
၎။ မောင်ရဲဝင့်ကျော် - ၁၅နှစ်၊ ၈တန်း။ ဖခင် - ဦးကျော်လင်း၊ ၅/ဒပယ (နိုင်) ၀၉၉၇၆၄၊ မင်းဆွေနှစ်ရွာ
၅။ မောင်ခိုင်ထွန်း - ၁၄နှစ်၊ ၈တန်း။ ဖခင် - ဦးသိန်းပို၊ ၅/ဒပယ (နိုင်) ၀၁၉၇၇၀၊ ကျခတ်ရွာ
၆။ မောင်မျိုးဇင်ထွန်း - ၁၄နှစ်၊ ၈တန်း။ ဖခင် - ဦးချစ်လင်း၊ ၅/ဒပယ (နိုင်) ၀၈၁၃၂၇၊ ကျခတ်ရွာ
၇။ မောင်မင်းခ၀တ်မှုံ - ၁၄နှစ်၊ ၈တန်း။ ဖခင် - ဦးဝင်းဆွေ၊ ၅/ဒပယ (နိုင်) ၀၂၀၁၂၀၊ ကျခတ်ရွာ
၈။ မောင်မင်းခန့်ထွန်း - ၁၄နှစ်၊ ၈တန်း။ ဖခင် - ဦးသိန်းနိုင်ထွန်း၊ ၅/ဒပယ (နိုင်) DPN ၀၂၈၇၁၂၊ ကျခတ်ရွာ
၉။ မောင်ငြိမ်းချမ်းအောင် - ၁၃နှစ်၊ ၆တန်း။ ဖခင် - ဦးစိုင်းထွန်းအောင်၊ ၅/ဒပယ (နိုင်) ၀၈၃၃၇၃၊ ကျခတ်ရွာ
၁၀။ မောင်ရန်လင်းအောင် - ၁၃နှစ်၊ ၆တန်း။ ဖခင် - ဦးနေလင်း၊ ၅/ဒပယ (နိုင်) ၀၃၉၄၃၁၊ စိုင်ပြင်ကြီးရွာ
၁၁။ မောင်ဇာနည်ဟိန်း - ၁၂နှစ်၊ ၆တန်း။ ဖခင် - ဦးဝင်းအောင်၊ ၅/ဒပယ (နိုင်) ၀၀၅၅၄၇၊ စိုင်ပြင်ကြီးရွာ
၁၂။ မောင်ထွန်းထွန်းဝင်း - ၁၂နှစ်၊ ၆တန်း။ မိခင် - ဒေါ်ခင်ရှိ၊ ၅/ဒပယ (နိုင်) ၀၁၉၅၄၉၊ ရွာရှည်ရွာ
၁၃။ မောင်မင်းမင်းစိုး - ၁၄နှစ်၊ ၅တန်း။ ဖခင် - ဦးဝင်းလွင်၊ ၅/ဒပယ (နိုင်) ၀၈၁၆၉၀၊ ရွာရှည်ရွာ
၁၄။ မောင်စိုးကိုကို - ၁၂နှစ်၊ ၅တန်း။ ဖခင် - ဦးဆယ်ထူး၊ ၅/ဒပယ (နိုင်) ၀၄၀၉၃၀၊ သပိတ်လဲရွာ
၁၅။ မောင်ဇော်ခိုင်မင်း - ၁၀နှစ်၊ ၅တန်း။ ဖခင် - ဦးဘိုကိတ်၊ ၅/ဒပယ (နိုင်) ၀၂၆၅၈၃၊ မြင်းတန့်ကျေးရွာ
၁၆။ မောင်ရဲရင့်ကျော် - ၁၁နှစ်၊ ၅တန်း။ ဖခင် - ဦးကျော်ရွှေ၊ . . . . . . .၊ စိုင်ပြင်ကြီးရွာ
၁၇။ မောင်ကျော်လွင်မိုး - ၁၀နှစ်၊ ၅တန်း။ မိခင် - ဒေါ်ခင်ဆန်းလွင်၊ ၅/ဒပယ (နိုင်) ၁၀၀၂၉၉၊ ရွာရှည်ရွာ
၁၈။ မောင်မျိုးဇော်ဟိန်း - ၁၀နှစ်၊ ၅တန်း။ ဖခင် - ဦးခင်မောင်မြင့်၊ ၅/ဒပယ (နိုင်) ၀၁၉၅၆၅၊ ရွာရှည်ရွာ
၁၉။ မောင်ဇွဲမင်းထက် - ၉နှစ်၊ ၄တန်း။ ဖခင် - ဦးဇော်မင်းထွန်း၊ ၅/ဒပယ (နိုင်) ၀၈၈၂၂၀၊ ရွာရှည်ရွာ
၂၀။ မောင်မိုးဇော် - ၁၂နှစ်၊ ၅တန်း။ ဖခင် - ဦးစိုးဦး၊ . . . . . . .၊ နှပဲလှရွာ
၂၁။ မောင်ဖြိုးဖြိုး - ၁၂နှစ်၊ ၅တန်း။ ဖခင် - ဦးမောင်ဝေ၊ . . . . . . .၊ နှပဲလှရွာ
၂၂။ မောင်ဇော်မျိုးအောင် - ၁၀နှစ်၊ ၄တန်း။ ဖခင် - ဦးပြူးလုံး၊ . . . . . . .၊ မင်းဆွေနှစ်ရွာ
၂၃။ မောင်ဖူးချစ် - ၈နှစ်၊ ၂တန်း။ ဖခင် - ဦးအောင်သိုက်ဦး၊ ၅/ဒပယ (နိုင်) ၀၈၈၂၆၀၊ စိုင်ပြင်ကြီးရွာ
၂၄။ မောင်နေမျိုးအောင်၊ ၇နှစ်၊ ၂တန်း။ ဖခင် - ဦးဖိုးထောင်၊ . . . . . . .၊ စိုင်ပြင်ကြီးရွာ
၂၅။ မောင်ဇွဲချစ်၊ ၆နှစ်၊ ၁တန်း။ ဖခင် - ဦးအောင်သိုက်ဦး၊ . . . . . . .၊ စိုင်ပြင်ကြီးရွာ

1 comment:

  1. ၁။ ကျောင်းသူကျောင်းသားများ အင်္ဂလိပ်စာ အခြေခံနှင့် ဗုဒ္ဓဘာသာ အခြေခံ ရရှိစေရန်၊
    ၂။ လူငယ်များ အခြေခံပညာ သင်ယူခွင့် ပိုမို ရရှိစေရန်နှင့်
    ၃။ ပရိယတ္တိသာသနာတော်ကို မြှင့်တင်ရန်

    တကယ့်ကို မွန်မြတ်သန့်စင်ပြီး အနာဂတ်သာသနာအတွက် အင်အားသစ်များဖြစ်စေတာမို့..............


    ချမ်းမြေ့ပါစေ
    မိုးပုံလွှာ

    ReplyDelete