ကျွန်မချစ်သော
ဖေဖေနှင့်မေမေ
-----
ကျွန်မသည်
ယခု အသက် (၁၂)နှစ် ရှိပါပြီ။ ကျွန်မ ဖေဖေနှင့် မေမေမှာ သားသမီးများကို ချစ်ပါသည်။ သားသမီးများသည်လည်း
ဖေဖေနှင့် မေမေကို ချစ်ကြပါသည်။ ထိုသို့ဖြင့် ကျွန်မတို့ မိသားစုသည် မေတ္တာတို့ဖြင့်
နွေးထွေးနေပါသည်။
ဖေဖေသည်
ကျွန်မတို့ မောင်နှမများကို ကျောင်းသို့ လိုက်ပို့ပါသည်။ မုန့်ဖိုးလည်း ပေးခဲ့ပါသည်။
ဖေဖေသည် မိသားစုအတွက် အလုပ်လုပ်ရပါသည်။ ဖေဖေသည် အလုပ်လုပ်ရသော်လည်း ဘယ်သောအခါကမှ မညည်းတွားခဲ့ပေ။
ထိုစိတ်သည်လည်း ဖေဖေ၏ လေးစားစရာကောင်းသော စိတ်ဓာတ် ဖြစ်ပါသည်။
မေမေသည်လည်း
အိမ်မှုကိစ္စများကို ကောင်းစွာ ဆောင်ရွက်ပါသည်။ မေမေသည် အိမ်မှနေ၍ ထမင်းကောင်းကောင်း
စားရရန် ပြင်ဆင်လေ့ ရှိပါသည်။ ထို့နောက် ဖေဖေသည် ကျွန်မတို့ မောင်နှမကို ကျောင်းဝင်ကြိုခဲ့ပါသည်။
အိမ်ပေါက်ဝသို့ ရောက်သောအခါ မေမေသည် မျက်နှာ ပြုံးပြုံးလေးနှင့် လာကြိုပါသည်။ “မေမေမျက်နှာပြုံးပြုံးလေး”သည်
အလွန်ချစ်စရာ ကောင်းပါသည်။
ထမင်းစားကြသောအခါ
ဖေဖေနှင့်မေမေ မျက်နှာမှာ အလွန် စိတ်ချမ်းသာဖွယ် ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒီလောက်ကြီး
အလုပ်များတာမှ “အပြုံးမပျက်ပြုံးလျက်သာ” ရှိနေကြပါသည်။
“ကျွန်မချစ်သောဖေဖေနှင့်မေမေ”ကို
ကျွန်မတို့မောင်နှမ
(unicolor)
.
. . . . . . . . . . . . . . . . . . .
.
. . . . . . . . . . . . . . . . . . .
.
. . . . . . . . . . . . . . . . . . .
.
. . . . . . . . . ပါသည်။ ထို့ကြောင့် ကျွန်မသည်။ လောကကြီး၌ “ကျွန်မချစ်သောဖေဖေနှင့်မေမေ”ကိုသာ
အချစ်ဆုံးနှင့် အလေးစားဆုံး ဖြစ်ပါသည်။ (တော်)
-----
ကျွန်မလိုချင်ဆုံးအရာ
လောကထဲရှိ
လူတိုင်းသည် ပြည့်စုံသည်ဟူ၍ မရှိပါ။ လိုနေတာ ရှိပါသည်။ အချို့သော လူတို့သည် မိမိတို့၏
လိုအပ်ချက် မသိကြပါ။ မသိသည့်အတွက် မလိုချင်ကြပါ။ သိသောလူသည် အဲဒီ လိုအပ်ချက်ကို လိုချင်မက်မောကြပါသည်။
မည်သူမဆို မိမိတို့၏ ဘ၀ကို ပြည့်စုံစေချင်ပါသည်။
ထို့အတူ
ကျွန်မသည်လည်း ကျွန်မဘ၀ကို ပြည့်စုံစေချင်ပါသည်။ ကျွန်မသည် ပြည့်စုံရန် လိုအပ်ချက်ကို
ရှာနိုင်ခဲ့ပါသည်။ “အဲဒါကတော့ ပညာ” ဖြစ်ပါသည်။ ကျွန်မသည် “ပညာ”လိုတာ အမှန်ပင် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ကျွန်မသည် ယခု “ဆဋ္ဌမတန်း”တွင် ရှိပါသည်။ အတန်း ကြီးလာသည်နှင့်အမျှ
စာကြိုးစားရမှာ အမှန်ပင် ဖြစ်သည်။ “ပညာ” တတ်လွန်း၍ ပိုသည် မရှိပါ။
“ပညာလို
အိုသည်မရှိ” . . . . . . . . . . . . . . .။
(.
. . . . ဆက်ရန်)
:)
မအေးအေးမွန်
“ရာဟုလာ”
ဓမ္မသင်တန်းကျောင်း
စိုင်ပြင်ကြီး၊
ဒီပဲယင်း၊ စစ်ကိုင်း
No comments:
Post a Comment