Wednesday, January 14, 2015

ပညာရေးအကူ


“- ကလေးငယ်များ အေးအေးဆေးဆေး စာသင်ကြားနိုင်ရန် ညနေ(၅)နာရီမှ စတင်၍ ကလေးငယ်များ၏ ပန်းများကို ကူညီရောင်းချပေးသွားမည် ဖြစ်ပါသည်။ 
- စာသင်ကြားပေးလိုသူနှင့် ပန်းကူညီရောင်းပေးလိုသူများ အဖက်ဖက်မှ ပူးပေါင်းကူညီလိုသူများ အနေဖြင့် . . . . . ဆက်သွယ်ဆောင်ရွက်နိုင်ကြပါသည်။ 
ကိုဝမ်း - ၀၉-၄၀၂၇၇၃၂၈၂၊ မနှင်းဆီ - ၀၉-၄၀၁၅၆၃၁၂၇၊ . . . . .” 
(ပန်းပျိုးသူများစာသင်ဝိုင်း)

---------------------
 

အလားတူပင် . . . . . စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာ ရာဟုလာကျောင်းတိုက်၌ . . . . .။ အနီးအပါး ကျေးရွာ ၅၀ခန့်၌ ၉၀%ကျော်မှာ မူလတန်းကျောင်းသာ ရှိသေးသော ကျေးရွာများ ဖြစ်ပါသည်။ အဆိုပါကျေးရွာများမှ ကလေးငယ်များ အလယ်တန်းနှင့် အထက်တန်း ပညာရေးခရီး ဆက်နိုင်ရန်အတွက် . . . . .။ ကလေးငယ်များနှင့် မတန်သော ဘ၀ပေးတာဝန်များ ဖြစ်ကြသည့် မျှစ်ချိုး၊ မှိုနှုတ်၊ နွားကျောင်း၊ လယ်တောဆင်း၊ ယာတောဆင်း၊ ငှက်ပစ်၊ ကြွက်ထိုး၊ ငါးပက်၊ ပုစွန်လုံးနှိုက် . . . . . အစရှိသည်တို့ကို ကလေးငယ်များကိုယ်စား ဆောင်ရွက်ပေးနိုင်မည် ဆိုပါက မျှစ်ချိုးသမား၊ မှိုနှုတ်သမား၊ နွားကျောင်းသား၊ လယ်သမား၊ ယာသမား၊ ငှက်မုဆိုး၊ ကြွက်မုဆိုး၊ တံငါးသည်၊ ပုစွန်လုံးမုဆိုး . . . . အစရှိသူများ လိုအပ်လျက် ရှိပါသည်။

ထို့ပြင် ၂၀၁၅-၁၆ ပညာသင်နှစ် ဆရာလစာအတွက် စတင်အလှူခံနေပြီ ဖြစ်ပါသည်။ လှူဒါန်းလိုပါက . . . . .

Nang Seng Lao
0072600100007676
CB Bank Kyi-Myin-Dine Branch

(ရာဟုလာ ဓမ္မသင်တန်းကျောင်း)

No comments:

Post a Comment