(စာ ၁၂၊ ပထမတန်း ဗုဒ္ဓဘာသာ မြန်မာစာ
“ရာဟုလာ” ဓမ္မသင်တန်းကျောင်း၊ စိုင်ပြင်ကြီး
ဒီပဲယင်း၊ စစ်ကိုင်း)
-----
Comment:
“ရတနာ မြတ်သုံးပါး”
နှစ်သက်မြတ်နိုးစရာ ကောင်းသောအရာကို ရတနာဟု ခေါ်ပါသည်။ ရတနာသည် တန်ဖိုးရှိပါသည်။ ရခဲ၍ ရှားပါးပါသည်။ စိန် ရွှေ ငွေ ကျောက်မြက်နှင့် ပတ္တမြား စသည်တို့မှာ ရတနာများ ဖြစ်ကြပါသည်။
ဘုရား တရား သံဃာတို့ လောက၌ ပေါ်ထွန်းရန် ခက်ခဲပါသည်။ ရှားပါးပါသည်။ လောက၌ ဘုရား တရား သံဃာတို့ ပေါ်ထွန်းလာလျှင် လောကသားတို့ ချမ်းသာသုခ ရရှိပါသည်။ ထို့ကြောင့် တန်ဖိုးရှိပါသည်။ နှစ်သက်စရာလည်း ကောင်းပါသည်။
စိန် ရွှေ ငွေ စသည်တို့ကဲ့သို့ ရှားပါး၍ တန်ဖိုးရှိပြီး နှစ်သက်မြတ်နိုးစရာ ကောင်းသောကြောင့် ဘုရား တရား သံဃာတို့ကို ရတနာ မြတ်သုံးပါးဟု ခေါ်ပါသည်။
ဓာတ်ပုံအလှရှင် - ခင်ဆုရည်သိန်း (ပထမတန်း)
(ဆက်ရန် . . . . .)

:)
ရှင်အာစာရ
ရှင်အာစာရ
No comments:
Post a Comment