Tuesday, July 16, 2013

ခုခံအား



ဗုဒ္ဓသာသနာဝင်တွေဟာ ကိုယ်ပိုင်ကာကွယ်မှု စွမ်းရည် ထက်မြက်အောင် ကြိုးစားထားကြရမယ်။ ဗုဒ္ဓယဉ်ကျေးမှုတွေကို စာတွေ့ရော လက်တွေ့ပါ ပြည့်စုံ ကျေနပ်သည်အထိ ကျင့်သုံးထားကြရမယ်။

လူတစ်ယောက်ကို အသက်ကြီးကာမှ ဗုဒ္ဓယဉ်ကျေးမှုတွေ ပေးရင် မထိရောက်တော့ဘူး။ ငယ်ရွယ်စဉ်ကပဲ ပေးမှ ထိရောက်မှု ရှိတယ်။

လေဟာပြင် ကွက်လပ်မှာ လေတွေ အလိုလို ၀င်လာကြတယ်။ မှုန်းဝါးဝါး ချိနဲ့နဲ့ မိရိုးဖလာ အမည်ခံ ဗုဒ္ဓဘာသာဝင်တွေရဲ့ သန္တာန်က ဗုဒ္ဓယဉ်ကျေးမှုလေးတွေဟာ ပြင်ပ ကွင်းပြင်ထဲက တစိမ်းပြင်ပ အယူဝါဒတွေ ယဉ်ကျေးမှုတွေရဲ့ ကျေးကျွန်ဘ၀ကို လွယ်လွယ်လေး ရောက်သွားနိုင်တယ်။

ရေလမ်းမှာ အများစုပေါင်းကာ လှေစီးပြီး ခရီးသွားကြတဲ့အခါ လှေကြီး ပေါက်နေတယ်ဆိုတာ သိရင် လှေပေါက်ကို ၀ိုင်းဝန်းဖာထေးရမယ်။ မဖာရင် လှေကြီး ရေ၀င်ပြီး မကြာမီ မြုပ်လိမ့်မယ်။ ဗုဒ္ဓသာသနာလှေကြီး ပေါက်နေတယ်ဆိုတာ သိရင် ဗုဒ္ဓဘာသာဝင်တိုင်း ၀ိုင်းဝန်း ဖားထေးရမယ်။ မဖာရင် ပြင်ပ အယူဝါဒရှင်တွေရဲ့ ရေတွေ စိမ့်ဝင်ပြီး မြုပ်လိမ့်မယ်။

မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ အသက်မထွက်ရအောင် ဗုဒ္ဓဘာသာဝင်တွေရဲ့ ကိုယ်ထဲမှာ နှလုံးသားထဲမှာ ဗုဒ္ဓယဉ်ကျေးမှု သွေးတွေ အမြဲလည်ပတ်နေဖို့လိုတယ်။ ဗုဒ္ဓယဉ်ကျေးမှုသွေးတွေ မအေးခဲစေဘဲ နွေးနွေးထွေးထွေး ရှိနေဖို့ လိုအပ်တယ်။

ကလေးတွေကို ငယ်စဉ်ကပဲ ဗုဒ္ဓယဉ်ကျေးမှု နို့ချို ဗုဒ္ဓယဉ်ကျေးမှု အာဟာရတွေကို တန်သလောက် တန်သလောက် တိုက်ကျွေးပေးရတယ်။ ဘာသာရေး နို့မျက်နေတဲ့ ဘာသာရေး အားမရှိတဲ့ ကလေးတွေကို ဘာသာခြားတွေက သိမ်းသွင်းဆွဲဆောင်ရင် ကောက်ကောက်ပါသွားတတ်တယ်။

ဗုဒ္ဓဘာသာဝင် မိခင်ဖခင်တိုင်းဟာ သားစဉ်မြေးဆက် ဗုဒ္ဓသာသနာ အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ်တွေ ပေးနိုင်အောင် ကြိုးစားကြရမယ်။ ကြိုးစားလို့ ပေးနိုင်မယ်ဆိုရင် ရွှေငွေစတဲ့ ရတနာတွေ ရလို့ဝမ်းသာကြည်နူးရတာထက် သာလွန်တဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေ ရလို့ ၀မ်းသာကြည်နူးရတာက များစွာ သာလွန်ပါတယ်။

မိသားစုလည်း အကျိုးများ သာသနာတော် အတွက်လည်း အကျိုးများ နိုင်ငံတော် အတွက်လည်း အကျိုးများစေနိုင်တဲ့ သားသမီးတွေကို မွေးပေးလိုတဲ့ မိဘတွေဟာ ရှေးဦးစွာ မိမိကိုယ်တိုင် ဗုဒ္ဓအဆုံးအမဖြစ်တဲ့ သီလ သမာဓိ ပညာ အကျင့်တွေကို လက်တွေ့ ကျင့်သုံးထားကြရမယ်။

ဗုဒ္ဓယဉ်ကျေးမှု အငွေ့ဓာတ် အလေ့ဓာတ် အတွေ့ဓာတ် ပါရှိတဲ့ မျိုးဆက်သစ်ကောင်းတစ်ခု ဖြစ်ထွန်းလာအောင် ကြိုးစားကြဖို့ ဗုဒ္ဓဘာသာဝင်တိုင်းမှာ တာဝန်ရှိတယ်။

အမေရယ် အဖေရယ် သားရယ် သမီးရယ် မိသားစု ထမင်းဝိုင်းမှာ သမီးက အထိုင်မတတ်လို့ အမြင်မတော် ဖြစ်နေတော့ အဖေက “ကဲ တို့သားအဖတွေ ပြင်ထိုင်ကြစို့”လို့ ပြောတဲ့အခါ သမီးဖြစ်သူက “အဖေ ကျမကော ပါသေးလား”လို့ မေးတော့ အဖေဖြစ်သူက “သမီး အရေးကြီးဆုံးပဲ”လို့ ပြောသတဲ့။ အဲဒါကြောင့် ဗုဒ္ဓသာသနာ သွေးနွေးအောင် ပြင်ကြတဲ့ နေရာမှာ “ကျနော်တို့ ပါသေးလား” မမေးနဲ့။ ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင် မှန်သမျှ ပြင်ထိုင်ဖို့ လိုနေကြတယ်။

ရှေးဦးစွာ တစ်ကိုယ်ရည် သာသနာ ပြည့်စုံဖို့ လိုတယ်။ ပြီးတော့ လက်လှမ်းမှီရာမှာ သာသနာ လက်ဆင့်ကမ်းရတယ်။

(ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်၏ တစ်ဘ၀တာ ခရီးမှ)

1 comment:

  1. ဗုဒ္ဓဘာသာဝင်တိုင်းသိထားသင့်ပါတယ် ခုလိုချိန်မှာပိုပြီးလေးလေးနက်နက်ရှိရပါမယ်ကျတော်တို့မြန်မာပြည်ကြီးဘယ်လောက်တိုးတက်နေပါစေ မြန်မာလူမျိုးရှိနေသ၍ဗုဒ္ဓဘာသာဟာလည်းရှိနေရပါမယ်ဝါဝင်းနေတဲ့သားရေကိုအမဲရောင်လာမသုတ်ပါနှင့် လူခွင့်ရေးကိုသဘောပေါက်ပါတယ် နေရာတကာလူခွင့်ရေးပြောလို့မရပါဘူး ခင်ဗျားတို့ကိုယ်တိုင် ကာတာ ဆော်ဒီ ကိုသွားကြည့်လူခွင့်ရေးကြောင်းကောင်းကောင်းသိခဲ့ရမှာပါ

    ReplyDelete