Tuesday, July 23, 2013

ဝါဆိုသင်္ကန်း လှူဒါန်းပွဲ



နေ့ရက် - ဇူလိုင် ၃၀၊ ၂၀၁၃
အချိန် - နံနက် ၉နာရီမှ နေ့လယ် ၁၂နာရီအထိ
နေရာ - “ရာဟုလာ” ဓမ္မသင်တန်းကျောင်း၊ စိုင်ပြင်ကြီးစံပြကျေးရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး


ကျွန်တော်ကျွန်မတို့သည် အမျိုး ဘာသာ သာသနာကို ချီးမြှောက်ထောက်ပံ့သောအားဖြင့် “ရာဟုလာ” ဓမ္မသင်တန်းကျောင်း၌ သီတင်းသုံးတော်မူကြသည့် ရဟန်းတော် သုံးပါး၊ ရှင်သာမဏေ နှစ်ဆယ့်သုံးပါးနှင့် ပင့်သံဃာတော် ရှစ်ဆယ်တို့ကို ၀ါဆိုသင်္ကန်း၊ နေဆွမ်း၊ ခဲဘွယ်ဘောဇဉ်နှင့် အခြားလှူဖွယ်များ ဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ်တို့ကို နေလယ်စာဖြင့် တည်ခင်းဧည့်ခံမည် ဖြစ်ပါ၍ ကြွရောက်ချီးမြှင့်ကာ ကျွန်တော်ကျွန်မတို့နှင့်အတူ ကုသိုလ်ယူတော်မူပါရန် ဖိတ်ကြားပါသည်။

ခင်မင်လေးစားစွာဖြင့်
အသင်းသူအသင်းသားများ
“ရာဟုလာ” ဗုဒ္ဓဘာသာပညာရေးနှင့် လူမှုရေးအသင်း
စိုင်ပြင်ကြီးစံပြကျေးရွာ၊ ဒီပဲယင်းမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး

4 comments:

  1. နောက်တစ်ခါထပ်ကျွေးပါဦး လာစားဦးမယ်

    ReplyDelete
  2. ကျနော်တို့ ဗုဒ္ဓဘာသာဝင်တိုင်း ဝါဆိုဦးမှာ လှူတန်းပြုကြသလို ဝါကျွတ်ရင်လည်းတနည်းကုသိုလ်ပြုကြပါတယ် ကုသိုလ်ဟာလည်းလှူတက်ရင်ရသလို ယူတက်ရင်လည်းမြတ်ပါတယ် ။အခုဦးစီးလုပ်ကိုင်နေကြသော ကိုပုချွန် ကိုပူစူး ကိုဇော်နိုင် တို့ အန်တီပတ် တို့ ဦးစီးလုပ်ကိုင်နေကြသောအားလုံးနှင့်ထပ်တူ သာဓုခေါ်ပါတယ်

    ReplyDelete
  3. ဗုဒ္ဓဘာသာဝင်တိုင်း သိထားရပါမယ် မြန်မာလူမျိုးဟာ နှစ်ငါးဆယ်တစ်ရာတည်းရှိနေမှာမဟုတ်ပါဘူးမြန်မာလူမျိုးရှိနေသ၍ဗုဒ္ဓဘာသာဟာလည်းရှိနေပါမယ် ကိုယ်တိုင်လှူတန်းပေးသလို သူများကိုလည်းတိုက်တွန်းပါစည်းရုံးကြပါ။ဦးဝီရသူဟောသလို ဘာလုပ်လုပ်အမျိုးစိတ်ဓါတ်အမြဲရှိနေရပါမယ်။

    ReplyDelete
  4. ၀မ်းသာပါတယ် ခုလိုလေးကိုယ့်နယ်မြေမှာ ဘာသာသာသနာ ထွန်းကားနေတာကို တပည့်တော်လည်း လယ်တီဆရာတော် မွေးရာမြေကို သတိတယနဲ့ www.ledimye.blogspot.com လေးဖန်တီးထားပါတယ်...ဘုရားးးး

    ReplyDelete