ဒေါက်တာ
ဘဒ္ဒန္တ အာစာရ၏ ညွှန်ကြားချက်အတိုင်း တက္ကသိုလ်ဝင်တန်း သင်္ချာ နှင့် အင်္ဂလိပ်စာ ထူးချွန်ဆုပေးပွဲကို
လွန်ခဲ့သည့် တန်ဆောင်မုန်း လပြည့်နေ့က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်ရွာ၊
စိတ္တသုခရပ်ကွက်ရှိ ရာဟုလာဓမ္မသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ရာ သင်္ချာထူးချွန်ဆု ကျပ်တစ်သိန်းကို
မောင်အာကာမောင်မောင်ကလည်းကောင်း၊ အင်္ဂလိပ်စာ ထူးချွန်ဆု ကျပ်တစ်သိန်းကို မသီရိမြင့်အောင်ကလည်းအောင်း၊
နှစ်သိမ့်ဆုများကို အခြား ကျောင်းသူကျောင်းသားများကလည်းကောင်း ရရှိခဲ့ကြောင်း၊ အဆိုပါ
ဆုပေးပွဲနှင့် စပ်လျဉ်း၍ . . . စိုင်ပြင် အထကမှ (ကျောင်း၏ လပတ်စာမေးပွဲ ရလာဒ်များအရ)
သင်္ချာအတော်ဆုံး ဆယ်ယောက်နှင့် အင်္ဂလိပ်စာ အတော်ဆုံး ဆယ်ယောက်တို့ကို အရည်အချင်းစစ် စာမေးပွဲများ
ဖြေဆိုစေ၍ ဘာသာရပ်နှစ်ခုအတွက် အထူးချွန်ဆုံး တစ်ယောက်စီ ရွေးခြယ်ခဲ့ခြင်းဖြစ်ကြောင်း၊
အထူးဆုနှင့် နှစ်သိမ့်ဆု ရရှိခဲ့သော ထူးချွန်ကျောင်းသူကျောင်းသားများ တက္ကသိုလ်ဝင်တန်း
စာမေးပွဲ ဖြေဆိုပြီးလျှင် အဆိုပါ ဓမ္မသင်တန်းကျောင်း၏ အခမဲ့ ကွန်ပျူတာသင်တန်းများ တက်ရောက်ခွင့်
ရရှိမည် ဖြစ်ကြောင်း၊ ဆက်လက်၍ . . . စိုင်ပြင် ဈေးသူဈေးသားများနှင့် အလှူရှင်များ၏
န၀မအကြိမ်မြောက် ကထိန်အလှူကို အဆိုပါ ဓမ္မသင်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း၊ ဆက်လက်၍
. . . အဆိုပါ ဓမ္မသင်တန်းကျောင်း၏ ဒုတိယအကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်ကို ကျင်းပရာ၌
ဆီမီးပူဇော်ခြင်း၊ မီပုံးပျံလွှတ်တင်ခြင်း၊ မြန်မာရိုးရာ ခြင်းအလှပြပွဲ၊ ခေါင်းအုံးရိုက်ပွဲ၊
နိဗ္ဗာန်ဈေးပွဲနှင့် ညလုံးပေါက် ဘုရားရှိခိုးပွဲများ ပါဝင်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment